Pages

ခရစ်စမတ် အလွမ်း

ခရစ်စမတ်ရောက်ပြီ ချစ်သူ…
မနှစ်ကဒီလိုအချိန်မှာ င်ါအရမ်းချမ်းလို့ဆိုပြီး
နင်ဝတ်ထားတဲ့ အနွေးထည်လေး
ငါ့်ကို ခြုံပေးခဲ့တာ ငါမမေ့သေးဘူး……
ခရစ်စမတ်ရောက်ပြီ ချစ်သူ…



မနှစ်ကဒီလိုအချိန်မှာ
ဓါတ်မီးတိုင်တွေအောက် ပလက်ဖောင်းပေါ်
ငါတို့နှစ်ယောက် လက်ချင်းချိတ်ပြီး
အတူတွဲလို့ လမ်းလျှောက်ခဲ့တာ
ငါမမေ့သေးဘူး……
ခရစ်စမတ်ရောက်ပြီ ချစ်သူ…

မနှစ်ကဒီလိုအချိန်မှာ
လရောင်ဖြာတဲ့ မြက်ခင်းပေါ်
တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာပွေ့ဖက်ပြီး
အကြင်နာတွေဖလှယ်ခဲ့တာ ငါမမေ့သေးဘူး……
ဒါပေမယ့် ဒီနှစ် December 25 ကတော့
ငါ့အတွက် အရမ်းကို အထီးကျန်ဆန်လွန်းတယ်။
ငါ့ဘေးနား နင်မရှိဘူး
ငါ့ဖုန်းကို နင်မကိုင်ဘူး

ငါပို့တဲ့ sms တွေလည်း တစ်ခုမှာ replay မလာဘူး
ဘာဖြစ်လို့လဲ…?
ငါ့မှာဘာတွေများ အပြစ်ရှိလို့
ရက်ရက်စက်စက် ငါ့ကိုထားသွားခဲ့တာလဲ…?
ငါနင့်ကို အရမ်းလွမ်းတယ်

နင်မရှိပဲနဲ့ ငါ့ဘဝရှေ့ဆက်ပြီးအသက်ရှင်ဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဒါကြောင့်
ကျေးဇူးပြုပြီး ငါ့ဆီကို အမြန်ဆုံးပြန်လာခဲ့ပါ…………။

i need you
i miss you
i remember to you ###

No comments:

Post a Comment