မလွှဲသာလို့ ခွဲခွာချန်ရစ်
ကျန်ရစ်သူရော ချန်ရစ်သူပါ
ကြေကွဲခံစား
နှလုံးသားများစတေးထားခဲ့ရပြီ.....
အပြုံးများနဲ့ ပျော်မြူးခဲ့ချိန်ဟာ
တိုတောင်းလွန်းလှပေမယ့်
မပျောက်ပျက်တော့မယ့် ရာဇဝင်အဖြစ်
ကျောက်ထက်အက္ခရာတင်ခဲ့တယ်....
အတိတ်ကံကြောင့် တွဲလက်တွေ
ခွဲခဲ့ရတယ်ဆိုရင်တောင်
ကံကြမ္မာရယ် ကျေပါတော့ကွယ်
ပေးဆပ်စရာအချစ်များလည်း
ကုန်ဆုံးသွားပြီမို့
အသက်မဲ့တဲ့ နှလုံးသားတစ်စုံနဲ့
အပြုံးစကားမဆိုနိုင်တော့တဲ့သူကို
ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီးတော့
ကျေပါတော့ကွယ်....
No comments:
Post a Comment