နားလည်ပေးပါ
ကျွန်တော် မဖြေသိမ့်ပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် ဟန်မဆောင်ပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် လမ်းပြမပေးနိုင်ခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် ယုံကြည်ဖို့ခက်ခဲနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် စိတ်ဓာတ်ကျ ကြေကွဲနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် ဆုံးဖြတ်ဖို့ မလွယ်ကူခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် နှုတ်ဆက်ဖို့ နှောင့်နှေးနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော် တောင်းပန်ဖို့ နောက်ကျခဲ့ရင်
နားလည်ပေးပါ
ခင်ဗျားကို နားလည်ဖို့ အဆင်မပြေသေးရင်
နားလည်ပေးပါ
ကျွန်တော့်ကိုယ်ကျွန်တော် ပျောက်ဆုံးနေခဲ့ရင်
နားလည်ပေးပါ
ကျွန်တော့် ကိုလည်း ကျွန်တော်နားမလည်နိုင်ခဲ့ရင်ပေါ့ ။ ။
ღ
(¯`v´¯)
.`•.¸.•´ ★
¸.•´.•´¨) ¸.•¨)
(¸.•´(¸.•´ (¸.•¨¯`* ღ ♥အ♥လွမ်း♥လူ♥သား♥
No comments:
Post a Comment