Pages

အသံတိတ်မျက်ရည်

နားထောင်ကြည့်ပါ
 မင်း မကြားမိဘူးလား
 ငါ ငိုကြွေးနေတယ်
အသံတိတ် မျက်ရည်နဲ့ပေါ့ .. ။
 ရင်ထဲက ငိုကြွေးမှုကို
 မင်း မြင်နိုင်မှာလည်း မဟုတ်
 ကြားနိုင်မှာလည်း မဟုတ်ပေမယ့်
နာကျင်မှုကတော့


ငါ့ ခန္ဓာအနှံ့ စီးဆင်းနေပါတယ် .. ။
 မင်းအတွက် အပြစ်တင် စကားရော
 အချစ်ဝင်စေမယ့် စကားရော
 ပြော မထွက်တော့ပါဘူး .. ။
 ဟုတ်တယ် ..
 ငါ မင်းအတွက် ငိုနေတယ်
 ငါ ငါ့အတွက် ငိုနေတယ်
ငါ မင်းအနားမှာရှိခွင့်ရခဲ့တဲ့
 အချိန်တွေအတွက် ငိုနေတယ်
ငါ မင်းအနားမှာ နေခွင့်မရှိတော့မယ့်
အချိန်တွေအတွက် ငိုနေတယ် .. ။
 ငါ့ အသံတိတ်ငိုကြွေးမှုကို
မင်းကြားမယ်ဆိုရင်
အလှဆုံး တစ်ချက်တော့ ပြုံးခဲ့လိုက်ပါ .. ။

No comments:

Post a Comment