Pages

မင်းနားမှာအမြဲရှိနေခွင့်လေး

ချစ်သူ.......... 
မင်းသာ ပန်းကလေးဖြစ်ခဲ့မယ်ဆို မင်းရဲ့ မွှေးသတင်းလေးကို ဆောင်ကြဉ်းပေးမယ့်
 လေပြေလေညှင်းလေးးးဖြစ်ချင်တယ်။ 

ချစ်သူ.......... 
မင်းသာ လမင်းကြီးဖြစ်ခဲ့မယ်ဆို
 မင်းရဲ့ အလင်းရောင်တောက်ပဖို့ ဆောင်ကြဉ်းပေးမယ့် တိမ်ဝယ်ပြေးကစားနေတဲ့ ငွေကြယ်လေးး ဖြစ်ချင်တယ်။


 ချစ်သူ......... 
မင်းသာ ဘုရင်းမင်းမြတ် တစ်ပါးဖြစ်ခဲ့မယ်ဆို
 မင်းရဲ့ တန်ဖိုးကို မြှင့်တက်အောင် ဆောင်ကြဉ်းပေးမယ့် 
တည်မြဲတဲ့ မင်းစက်အာဏာလေးးဖြစ်ချင်တယ်။ 

 ချစ်သူ........
 မင်းသာ အဝေးဆုံးကိုထွက်ခွါခဲ့မယ်ဆို
 မင်းရဲ့ ဖြစ်ချင်တာတွေကို ဆောင်ကြဉ်းပေးမယ့် 
အနှောင့်ယှက်ကင်းတဲ့ မိုင်းပေါင်း များစွာ ဖြစ်ချင်တယ်။ 

 ချစ်သူ........
 မင်းသာ ကျောခိုင်းရက်စက်ပြီးး(၃)ဖြစ်ခဲ့မယ်ဆို 
မင်းရဲ့ အလိုက်ကိုရင်နာနာနဲ့ ဆောင်ကြဉ်းပေးမယ့် 
(၃)ရဲ့ အနီးကပ်ဆုံးဖြစ်တဲ့ (၄)ဖြစ်ချင်တယ်။။။။။။။။။။။။


No comments:

Post a Comment