Pages

ဖုန်းထဲမှာ login ဝင်ထားဆဲ facebook account ကို password change နည်း


အခုပြဿနာက fbသုံးသူတွေမှာ အဖြစ်များတဲ့ပြဿနာပါ

  ဒီလိုဗျာ တချို့က facebook အကောင့်ကိုတော့ သုံးနေတယ် ဒါပေမယ့် အဲဒီအကောင့်ရဲ့ password ကို
မသိတော့ဘူး။
  Facebook password မသိတာကို forgot password ကနေသွားပြီး gmail ထဲကို password

အသစ်ပြောင်းဖို့ link ထုတ်ခိုင်းလို့ရပေမယ့် တချို့ကျတော့ ဖုန်းထဲမှာ gmail လည်း မရှိတော့သလို အဲဒီ

gmail ရဲ့ password ကိုလည်း မမှတ်မိတော့ဘူး (gmail ကို Recovery လုပ်ဖို့ လိုအပ်တဲ့

information တွေကအစ security question အဆုံး ဘာမှလည်း မမှတ်မိတော့ဘူး) ဒီတော့ သူက

Facebook ကို ဖုန်းထဲမှာတော့သုံးလို့ရနေတယ် ဘာ password ကိုမှ မမှတ်မိတော့ဘူးဆိုတော့

အကောင့်ရဲ့ security ပိုင်းပြင်ဆင်ဖို့တွေ နာမည်ပြောင်းဖို့တွေဆို ဘာမှ လုပ်လို့မရတော့ဘူး

အကောင့်သစ် ပြောင်းသုံးဖို့ကလည်း ဒီအကောင့်ကို မစွန့်နိုင်တဲ့ အကြောင်းတွေ အများကြီးရှိတယ် ဒီတော့

အဲဒီလိုအကောင့်မျိုးကို control ပြန်လုပ်နိုင်ဖို့အတွက် Account Settings ကနေ Text Messaging


ကိုသွားပါ (ပုံ 1) Set up Facebook Texts ကိုနှိပ်ပါ (ပုံ 2) ဖုန်းနံပါတ်ထည့်ပေးပါ (ပုံ 3)

ဒီအဆင့်မှာ မြန်မာနိုင်ငံကလူတွေအနေနဲ့ တယ်လီနောတို့ အော်ရီဒူးတို့ သုံးလို့ရနေတဲ့နေရာတွေဆို

အဲဒီနံပါတ်တွေ ထည့်လို့ရပါတယ်။ အဲဒီဖုန်းတွေ သုံးမရသေးတဲ့နေရာတွေဆို upptalk တို့ freedompop

တို့လို fb confirm code ပို့ပေးတဲ့နံပါတ်တွေကို အသုံးပြုလို့ရပါတယ်။ နိုင်ငံရပ်ခြားမှာနေတဲ့သူတွေကတော့

ကိုယ့်ဖုန်းနံပါတ်ကို ထည့်လို့ရပါတယ်။ ကျွန်မကတော့ တယ်လီနောဖုန်း မရသေးတဲ့နေရာမှာ နေတာမို့

upptalk နံပါတ်ထည့်လိုက်ပါတယ် Continue နှိပ်ပါ (ပုံ 3a) ဖုန်းထဲကို confirm code ရောက်လာပါမယ်

(ပုံ 4) ခုနကရလာတဲ့ code ကို confirmation code နေရာမှာဖြည့်ပေးပြီး Confirm ကိုနှိပ်ပါ (ပုံ 5)

ဖုန်းနံပါတ် confirm ဖြစ်သွားတဲ့ပုံပါ (ပုံ 6) တကယ်လို့များ အပေါ်က အဆင့်တခုခုမှာ

password တောင်းတာမျိုး ကြုံရလျှင် home key နှိပ်ပြီး fb apk မှထွက်လိုက်ပါ။ ဖုန်းထဲမှာ Messenger

မရှိနေရင် ထည့်ပေးပြီး ရှိပြီးသားဖြစ်နေရင် uninstall လုပ်ပြီး အသစ်ပြန်ထည့်လိုက်ပါ။ Messenger

ကိုဖွင့်ပါမယ်။ LOG IN AS ..... ကိုနှိပ်ပါ (ပုံ M1) NOT NOW ကိုနှိပ်မယ် (ပုံ M2)

GB နေရာမှာ နိုင်ငံကိုရွေး 7537178698 နေရာမှာ ဖုန်းနံပါတ်ကိုထည့် OK ကိုနှိပ်ပါ (ပုံ M3) ဖုန်းထဲကို

confirm code ရောက်လာပါမယ်။ code ဖြည့်ရမယ့်နေရာမှာဖြည့်ပေးပြီး Confirm ကိုနှိပ်ပါ။ messenger

ကိုအဆုံးထိလုပ်ပေးပြီး fb apk ထဲပြန်ဝင်လိုက်ပါ။ Account Settings က Text Messaging နေရာမှာ ပုံ6

ကအတိုင်း ဖြစ်နေရင်ရပါပြီ။ Registered Phone ဖြစ်မဖြစ်ပဲ ကြည့်ပေးပါ။ ဒါဆိုရင် အကောင့်ကို

သက်သေပြဖို့ ဖုန်းနံပါတ်တစ်ခု ချိတ်မိသွားပြီ။ fb password ပြောင်းဖို့အတွက် Browser တစ်ခုကနေပြီး

Facebook ကိုသွား Forgotten password ကိုနှိပ်ပါ (ပုံ F1) မြှားပြထားတဲ့နေရာမှာ login mail (gmail)

ကိုရိုက်ပြီး Search ကိုနှိပ်ပါ။ (ပုံ F2) login mail နေရာမှာ fb id နဲ့

.........@facebook.com ရှေ့ကစာလုံး (zinmarshein@facebook.com ဆိုရင် zinmarshein)

ကိုလည်းထည့်လို့ရပါတယ် မြှားပြထားတဲ့နေရာကိုရွေးပြီး Continue ကိုနှိပ်ပါ (ပုံ F3) ဖုန်းထဲကို reset

code ပို့လာပါမယ် (ပုံ F4) ရလာတဲ့ code ကိုရိုက်ထည့်ပြီး Continue ကိုနှိပ်ပါ (ပုံ F5) new password နဲ့

confirm password ကိုတူအောင်ရိုက်ပြီး Log me out of other devices ကိုအမှန်ခြစ်ပေးပြီး Continue

ကိုနှိပ်ပါ (ပုံ F6) fb account ကို password အသစ်နဲ့ အသုံးပြုလို့ရပါပြီ (ပုံ F7) ဒီအချိန်မှာ fb apk

ကိုပြန်ဖွင့်တဲ့အခါ အရင်ပွင့်နေတဲ့ account က auto logout ဖြစ်သွားပြီး login ပြန်ဝင်ရပါမယ်။

password အသစ်နဲ့ login ဝင်လိုက်ပါ smile emoticon facebook account ကို password change

ပြီးပါပြီ။ ဒီအဆင့်ထိပြီးသွားရင်တော့ ကိုယ်သုံးလိုက်တဲ့နံပါတ်က ကိုယ့်ဖုန်းနံပါတ် အစစ်အမှန်ဆိုရင်

ဒီတိုင်းထားလို့ရပါတယ် upptalk တို့လိုနံပါတ်မျိုး သုံးထားရင်တော့ ဖုန်းနံပါတ်

remove ပြန်လုပ်ထားလိုက်ပါ။ အဲလိုနံပါတ်တွေက အချိန်အကန့်အသတ်နဲ့ပဲ အသုံးပြုလို့ရပါတယ်။

အကြောင်းတခုခုကြောင့် ဖုန်းထဲ code ပို့မှ အကောင့်ဖွင့်လို့ရမယ့် အနေအထားမျိုး ကြုံလာခဲ့ရင်

Registered Phone ထဲကိုသာ code ပို့တာမို့ ဖုန်းနံပါတ် သက်တမ်းလွန်နေရင် ကိုယ်ဖွင့်သုံးလို့

မရတော့ပါဘူး။ fb account ပြန်ပွင့်ဖို့တောင် အခက်အခဲဖြစ်လာနိုင်တာမို့ password change ပြီးတာနဲ့

ဖုန်းနံပါတ်ပြန်ဖြုတ်ထားပါ။ ပြီးရင်တော့ နောက်ထပ် gmail အသစ်တစ်ခု add မယ် confirm လုပ်မယ်

primary email အဖြစ်ပြောင်းမယ် gmail အဟောင်းကို remove လုပ်ပြစ်လိုက်မယ် ဒါဆိုရင်

ဘယ်လိုမှ မျှော်လင့်ချက်မရှိတော့တဲ့ အကောင့်တစ်ခုကို Full Control လုပ်နိုင်သွားပါပြီ ကို အိုင်တီ

မုဆိုး ပေးထားတဲ့ အိုင်ဒီယာကို အခြေခံပြီး စမ်းထားတာပါ။ ကျွန်မဖုန်းက ss ရိုက်မရတာမို့ bluestacks

နဲ့ ပြန်လုပ်ပြီး ss ယူထားတာပါ။ ကောင်းတဲ့နေရာမှာသာ သုံးကြဖို့ မေတ္တာရပ်ခံပါတယ်။






 

 












 
 
 
 
 
 
 
 
 

 












ဒီစာလေးကိုဖတ်ပေးပါကျနော ဒီပိုစ့်လေးကိုဖေ့ဘုတ်က ဘယ်လိုပြောရမလဲကျနော်ဆရာမြင်ဆရာပေါ့ အစ်မ Zin Mar Shein တင်ထားတဲ့ပိုစ့်လေးပါဒါကိုအစ်မZin Mar Shein ကိုခွင့်မတောင်းပဲ ကူးချလာခဲ့ပါတယ် အမှားများပါခဲ့ရင်ခွင့်လွှတ်နားလည်ပေးပါလို့  အစ်မ Zin Mar Shein ကိုလဲဒီကနေ ကြိုတင် တောင်းပန်ပါသည်

1 comment:

  1. Jammin' Jars Casino - Jeux South Africa
    With Jammin Jars Casino in Jeux 상주 출장안마 South Africa, 공주 출장마사지 you can 울산광역 출장샵 take part in a series of live 통영 출장샵 gaming 오산 출장안마 tournaments with various VIPs and prizes that

    ReplyDelete