Pages

♥♥ကံကြမ္မာရယ် ကျေပါတော့♥♥

မလွှဲသာလို့ ခွဲခွာချန်ရစ်
   ကျန်ရစ်သူရော ချန်ရစ်သူပါ
   ကြေကွဲခံစား
   နှလုံးသားများစတေးထားခဲ့ရပြီ.....
အပြုံးများနဲ့ ပျော်မြူးခဲ့ချိန်ဟာ
   တိုတောင်းလွန်းလှပေမယ့်
   နှလုံးသားမှာတော့

 
   မပျောက်ပျက်တော့မယ့် ရာဇဝင်အဖြစ်
   ကျောက်ထက်အက္ခရာတင်ခဲ့တယ်....
အတိတ်ကံကြောင့် တွဲလက်တွေ
    ခွဲခဲ့ရတယ်ဆိုရင်တောင်
    ကံကြမ္မာရယ် ကျေပါတော့ကွယ်
    ပေးဆပ်စရာအချစ်များလည်း
    ကုန်ဆုံးသွားပြီမို့
    အသက်မဲ့တဲ့ နှလုံးသားတစ်စုံနဲ့
    အပြုံးစကားမဆိုနိုင်တော့တဲ့သူကို
    ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီးတော့
    ကျေပါတော့ကွယ်....

No comments:

Post a Comment