Pages

♥♥အိပ်မက်ဆုတောင်း♥♥

ပေးခဲ့ဖူးတဲ့ ခင်မင်မှုတွေ နွေးထွေးမှုတွေက
အခုတော့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပြီလား
ရင်းနှီးစွာ ခင်ခဲ့ဖူးတဲ့အချိန်တွေ
 လုံးဝ ကုန်ဆုံးသွားပြီလား

အရာရာ နင့်ကို တိုင်ပင်လိုက်ရမှ ကျေနပ်တဲ့ငါ
 မသိတာတစ်ခုဆို နင့်ကိုမေးရမှ ကျေနပ်တဲ့ငါ
 ဟုတ်သော်ရှိ မဟုတ်သော်ရှိ
နင့်စကားတွေကို နားထောင်တတ်တဲ့ငါ
 အခုတော့ ယောင်ချာချာလေးဖြစ်နေပေါ့


ရယ်နေပေမယ့် မပြုံးဘူး
ချည်နေပေမယ့် မထုံးဘူးတဲ့
အင်းပေါ့လေ ရယ်နေတိုင်း ပြုံးတာမဟုတ်ဖူးဆိုတာ
ချည်နေပေမယ့် ထုံးမသွားဘူးဆိုတာ
ငါမှ မသိခဲ့ပဲ

ရင်နဲ့ရင်းပြီး ခံစားခဲ့သမျှ
အခုတော့ အပိုတွေဖြစ်ခဲ့သလား
ကွယ်ရာမှာ လှောင်နေမယ့် နင့်ပုံစံကို
မြင်ယောင်နေပေမယ့်
အတွေးထဲမှာ ငါ ဘာမှားခဲ့လို့လဲ ဆိုတာပဲ ရှိနေတယ်
မှားခဲ့တာတွေရှိခဲ့ရင်လဲ
ခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး

တစ်ခုပါပဲ
ဆုတောင်းလေး တစ်ခုပါပဲ ချစ်သူ
နင်းလျှောက်တဲ့လမ်းတိုင်း သာယာဖြောင့်ဖြူးနိုင်ပါစေလို့
အမြဲထာဝရ တောင်းဆုပြုပါတယ်
နင် ပျော်နေပါ ချစ်သူ...

No comments:

Post a Comment